Videos for learning to play Myanmar songs by piano
့မြန်မာ တေးသီချင်းများတီးရန် ပြင်ဆင်ခြင်း
Introduction
ကျနော့်ရဲ့ သိသမျှ ပြောပြပါရစေ လို့ အမည်ရတဲ့ စန္ဒရား အကြောင်းကို စတင်လိုက်ပါပြီ။ ထိရောက်တဲ့ အချက် အလက် . . လက်တွေ့ ကျနမှု . . တို့ ကို ဂရုတစိုက် ကြိုးစား ထားပါတယ်။ နောက်လဲ တဆက်ထည်း ထွက်လာမှာပါ။ အရုပ် အသံ သရုပ်ပြ တွေမှာ ရိုက်ထားရတဲ့ အပေါ် . . ချို့  ယွင်းမှုများ ရှိခဲ့တာတွေ သီးခံခွင့်လွတ် ပါခင်ဗျား။ တိုတိုနှင့် လိုရင်းရောက်ပြီး နားလည် ရန်က အဓိကမို့  ပြော ဆို မချောမွေ့  တာတွေကိုလဲ နားလည်ပေးပါခင်ဗျား။ အချိန်တိုတိုနဲ့  များများ ခရီးရောက်ဖို့  ဦးတည် ပါတယ်။ ကျနော်ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာများ သင်ပေး ခဲ့၍၊ ညီ အစ်ကိုများအား လက်ဆင့်ကမ်း ခွင့်ရသဖြင့်၊ ကျေးဇူးတင် စွာဖြင့်၊ ကန်တော့ပါရစေ။ ကျနော့် ဂီတ ညီ အစ်ကို မောင်နှမများ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
လေ့ကျင့်ခန်းများ (၁)
P001
ပထမ အဆင့် လေ့ကျင့်ရမည့်လေ့ကျင့်ခန်းများဖြစ်သဖြင့် P001 ဟု၊ မှတ်သားစေချင်ပါသည်။ လေ့ကျင့်ရန် (practice) သင်ခန်းစာ အမှတ် ၁ ဟု ၊ မှတ်ထား၍ P002 ကို၊ ဆက်လက် နားထောင် ရမည်ဖြစ်ပါသည်။
လေ့ကျင့်ခန်းများ (၂)
P002
စန္ဒရား ခလုတ်များတီးရန် လက်ချောင်းများအား အသုံးပြုပုံ နှင့် လက်ချောင်းများအား လေ့ကျင့်ရန် တင်ပြသော video ( P002 ). လက်တစ်ဖက် တစ်ချောင်း တစ်ပြိုင်တည်း တီးသော အခါ၊ လက်ချောင်းများ တစ်ပြိုင်တည်း ကျရန်၊ အားစိုက်မှုညီရန် နှင့်  အနှေး အမြန် တသမတ်တည်း ဖြစ်ရန် လေ့ကျင့်ရမည်ဖြစ်သည်။ အစပိုင်းတွင် သေသေခြာခြာ လေ့ကျင့်ထားမှ နောက်တွင် စည်းဝါး ကျအောင် အချိန်မှီ တီးနိုင်ပါလိမ့်မည်။
လေ့ကျင့်ခန်းများ (၃)
P003
စန္ဒရား ခလုတ်များတီးရန် လက်ချောင်းများအား အသုံးပြုပုံ နှင့် လက်ချောင်းများအား လေ့ကျင့်ရန် တင်ပြသော video ( P003 ). လက်တစ်ဖက် တစ်ချောင်း တစ်လှည့်စီ တီးသော အခါ၊ လက်ချောင်းများ၏ အားစိုက်မှုညီရန် နှင့်  အနှေး အမြန် တသမတ်တည်း ဖြစ်ရန် လေ့ကျင့်ရမည် ဖြစ်သည်။ လက် တစ်ဖက်တစ်ချောင်း တပြိုင်တည်း တီးသော လေ့ကျင့်ခန်းကို ( P002 ) တွင် ဖေါ်ပြပြီးဖြစ်ပါတယ်။ သေသေခြာခြာ လေ့ကျင့်ထားမှ နောက်တွင် စည်းဝါး ကျအောင် အချိန်မှီ တီးနိုင်ပါလိမ့်မည်။ ( P002 ) နှင့် ( P003 ) လေ့ကျင့်ပြီးပါက၊ လွယ်ကူသော မြန်မာ သီချင်းများ၊ စတင် တီး၍ ရနိုင်ပြီဖြစ်ကြောင်း၊ နမူနာ ပါရှိပါသည်။
လေ့ကျင့်ခန်းများ (၄ - ၁)
P004 - 1
ကော့(ဒ်) များတီးရန် လက်ချောင်းများအား အသုံးပြုပုံ နှင့် လက်ချောင်းများအား လေ့ကျင့်ရန် တင်ပြသော video ( P004 ) အပိုင်း (၁) ဖြစ်ပါတယ်။ ကော့(ဒ်) များ ကို လေ့ကျင့် နေရင်းဖြင့် ပုံသေ စည်းများကို နားလည် လာမည် ဖြစ်ပေသည်။ လက်ချောင်းများ တပြိုင်တည်း ကျရန်နှင့် ဘယ် ညာ တစ်လှည့်စီ တီးတတ်စေရန် လေ့ကျင့်ခန်း ဖြစ်ပါသည်။ ( P004 ) video ကို အပိုင်းများခွဲ၍ တင်ခဲ့ ရပါသည်။ အပိုင်းများကို စုံလင်စွာ ကြည့်ရှုစေချင်ပါသည်။
လေ့ကျင့်ခန်းများ (၄ - ၂)
P004 - 2
ကော့(ဒ်) များတီးရန် လက်ချောင်းများအား အသုံးပြုပုံ နှင့် လက်ချောင်းများအား လေ့ကျင့်ရန် တင်ပြသော video ( P004 ) အပိုင်း (၂) ဖြစ်ပါတယ်။ ကော့(ဒ်) များ ကို လေ့ကျင့်နေရင်းဖြင့် ပုံသေ စည်းများကို နားလည် လာမည်ဖြစ်ပေသည်။ လက်ချောင်းများ တပြိုင်တည်း ကျရန်နှင့် ဘယ် ညာ တစ်လှည့်စီ တီးတတ်စေရန် လေ့ကျင့်ခန်း ဖြစ်ပါသည်။ ( P004 ) video ကို အပိုင်းများခွဲ၍ တင်ခဲ့ရပါသည်။ အပိုင်းများကို စုံလင်စွာ ကြည့်ရှု စေချင် ပါသည်။
လေ့ကျင့်ခန်းများ (၄ - ၃)
P004 - 3
လက်ချောင်းများအား အသုံးပြုပုံကို သေသေခြာခြာ လေ့ကျင့် ထားပါက C ကော့(ဒ်) တွင်ပါသော C, E နှင့် G ကိုသာ တီးနေရုံဖြင့် လှပသောသံစဉ်များ ထွက်ပေါ် လာနိုင် ပေသည်။ ကော့(ဒ်) များတွင် ပါသော အသံများကို တစ်လုံးစီ ဖြစ်စေ တပြိုင်တည်းဖြစ်စေ စံနစ်တကျတီးနေခြင်းဖြင့် လှပသော သံစဉ်များကို ဖန်တီး၍ရနိုင်ပါသည်။ လက်ချောင်းများ ကျွမ်းကျင်မှု နှင့် စန္ဒရား ခလုတ်၏ အသံများ မှတ်မိနေမည် ဆိုလျှင်ပင် free-style music ဖြစ်လာနိုင်ပါပြီ။
to be continued . . .